💢 "ဝိဇ္ဇာနဲ့ နေ - သေမှာ မကြောက်" 💢
"ဘုရားရှင် အဆုံးအမ ရလို့
ခုလို- ရုပ်နာမ် ပေါ်နေတာကို
ဘာနဲ့နေတယ်-ခေါ်သလဲ။"
(ဝိဇ္ဇာ နဲ့နေတာပါဘုရား)
"ဘုရားရှင် အဆုံးအမနဲ့ မနေရင်ကောဗျာ။"
(အဝိဇ္ဇာ နဲ့နေတာပါဘုရား)
"အေး …
ဝိဇ္ဇာ နဲ့နေလို့ - သေရင် ဘယ်သွားမလဲ။"
( ကောင်းရာသုဂတိမှ နိဗ္ဗာန် ဆီသို့ပါဘုရား)
" အဝိဇ္ဇာ နဲ့နေလို့ -သေရင်ကော။"
(အပါယ် လေးဘုံ သွားရမှာပါဘုရား)
"ကဲ … ဒါဖြင့်
အသက်ခုနှစ်ဆယ်ကျော် အဘိုးကြီးတစ်ယောက် ဘုရား ဝတ်တက် ပြီးနေတယ်။
သို့သော် လည်း
စိတ်ကတော့ ဟိုရောက်,ဒီရောက်
ရောက်နေတယ်။
ဘုရားရဲ့ကျေးဇူးတော် ဂုဏ်တော်မှာ
စိုက်စိုက်စူးစူး မနေပါဘူး-တဲ့။
အဲဒီအချိန်မှာ သေသွား ရင်
ဒီအဘိုး- ဘယ်ရောက်လေမလဲ။"
( အပါယ်သွားရမှာပါဘုရား)
"အေး …
ဟုတ်ကဲ့လားနော် , စဉ်းစားပြီးမှပြော။
သူ က ဘုရား ဝတ်တတ်နေတာ။
သေရင် ဘယ်ရောက်မတုန်း
အဲ့ဒီ အဘိုးကြီး။"
(အပါယ် ရောက်မှာပါဘုရား)
"အေး …
ဘာဖြစ်လို့တုန်း။"
( စိတ် က ဟိုရောက်, ဒီရောက်
ရောက်နေလို့ ပါ ဘုရား)
"သြော် အပါယ် က
ဘယ်နှစ်မျိုး ရှိလည်းဗျာ။"
(ငရဲ,တိရစ္ဆာန် ,ပြိတ္တာ ,အသူရကာယ်-
လေးမျိုး - ပါဘုရား)
"အေး
တို့ကတော့ ဘုရားရှင် ပြောတဲ့အတိုင်း
ပြောရမှာဘဲဗျာ့။
အဝိဇ္ဇာ တွေနဲ့နေတာ ဆိုတော့
ဘာတွေနဲ့နေတာ တုန်းဗျာ့။
( လောဘ ,ဒေါသ ,မောဟ တွေနဲ့ပါဘုရား)
"လောဘ-ဆိုတာ ဘာတုန်း။"
(လိုချင်တာပါဘုရား)
"အေး …
ငါကတော့ အများနားလည်အောင်
ဗမာ-လိုဘဲပြောမယ်။
ပါဠိ- လိုဆိုရင် နင်တို့အားလုံး
နားရှုပ်ကုန်မှာစိုးတယ်။
လောဘ-ဆိုတာ
နှစ်သက်စုံမက်နေသမျှပေါ့ဟယ်။
အဲဒီ လိုချင်မှု, နှစ်သက်မှု, လောဘစိတ်နဲ့သေရင်
ပြိတ္တာ ဖြစ်တယ်-ဆိုတာ မဟုတ်လား။"
( မှန်ပါ့ဘုရား)
"ဒေါသ ဆိုတာ ကော ဟယ်။"
(ရန်ဖြစ်တာပါဘုရား)
"အေး
နင်တို့ ဒေါသ ဆိုတာ
ရန်ဖြစ်ရင် ဒေါသ - လို့ ပြောကြတယ်။
ဒေါသ-ဆိုတာ ,
ရချင်တာလဲမရ - ရပြန်တော့လဲမလို။
နှစ်သက်မှု မဖြစ်သမျှ ဒေါသ။
အဲဒီ ဒေါသစိတ်နဲ့သေရင်
ငရဲ ရောက်တတ်တယ်။"
(မှန်ပါ့ဘုရား)
"မောဟ ဆိုတာ
ဒါနမှု , သီလမှု , ဘာဝနာမှု -မသိတဲ့စိတ်။
အဲဒီစိတ်နဲ့သေရင် တိရစ္ဆာန်ဖြစ်တယ်-တဲ့။
ဒါ သိထားကွ။"
ဘုရားရှင်ရဲ့အဆုံးအမနဲ့နေရင်
ခန္ဓာကိုယ်မှာ ဘယ်နတ် ,ဘယ်ဗြဟ္မာ
ပြုပြင်စီရင်ဖန်တီးမှု မပြုရဘဲ
ဖြစ်ပျက်နေတဲ့ အဲဒီရုပ်ပေါ် နာမ်ပေါ်
စိတ်ကလေး ထားပြီး -
ခန္ဓာကိုယ်ရဲ့ ဖြစ်တာ,ပျက်တာ ကို သိနေတဲ့
စိတ်ကလေးနဲ့သေရင် ,
နောက်ဆုံး နိဗ္ဗာန်-မရောက်သေးတောင်
လူ , နတ် , ဗြဟ္မာ-တော့ဖြစ်မှာပဲ။
အဲဒီတော့ ဘယ်သွားကြမလဲ။
(နိဗ္ဗာန် သွားမှာပါဘုရား)
"အေး …
ကိုယ်သွားချင်တဲ့ဆီကို သွားဖို့
သူများ မေးဖို့ လိုသေးသလားဗျာ။"
(မလိုပါဘုရား)
"အေး … ကိုယ်ဟာကိုယ်
ငါ ဝိဇ္ဇာနဲ့ နေတာပါဗျာ-လို့ကော
ပြောဖို့ လိုသေးလားဗျာ။"
(မလိုပါဘုရား)
"သူများကိုကော မေးရဦးမှာလား။"
(မမေးရပါဘုရား)
"အေး … ဟုတ်တယ်
ကိုယ့်ဟာကိုယ်သိတယ်ဗျ။
ဒါကြောင့်
သံသရာတစ်လျှောက်လုံး ဖြည့်ကျင့်လာတဲ့
ပါရမီတွေက ပြည့်စုံလုံလောက်ကြပါတယ်ဗျာ။ဝီရိယနဲ့သာ ထူထောင်ကြ။"
( မှန်ပါ့ဘုရား)
ဘုရားရှင်ရွှေလက်ထက်တော်က
ရှေးအရှင်ကောင်း အရှင်မြတ်များ အလိုရှိရာ
ဗောဓိနဲ့ အသီးသီး နိဗ္ဗာန်
စံဝင် ကြွသွားကြဘိသကဲ့သို့
အချိန်အခါ ဘဝမြင့်မြတ်တာကို သိလို့
ထပ်တူထပ်မျှ ဆောင်ကြပါလျှင်
သမာပတ်ရှစ်ဖြာအထိ မပြီးစီးနိုင်တာမရှိ။
ဝီရိယသန်သန်နဲ့ မှန်မှန်ကြီး
အချိန်အနည်းငယ်မျှ အချည်းအနှီး မဖြစ်ရအောင်
စိစစ်ကာ- မိမိလည်းဆောင် ,သူတစ်ပါးတွေကိုလည်း တိုက်တွန်းနိုးဆော်ပြီး
ပျော်ပျော်ကြီးဆောင်ကြတာ
အောင်ကြပြီ။ ဝမ်းမြောက်ကြ။
(သာဓု သာဓု သာဓု )
"ဝေဘူဆရာတော်ဘုရားကြီး"
ချမ်းသာ ကြပါစေ၊ အေးငြိမ်း ကြပါစေ။
#နှလုံးသားမှာ ဘုရားတည်ကြမည်
0 တစ်ခုခုရေးမယ်:
Post a Comment